Sunday, May 19, 2019

LONG-RANGE UAV “RAYBIRD 3"

၁၅ မတ် ၂၀၁၉
နည်းပညာ
LONG-RANGE UAV “RAYBIRD 3“
-------------------------------
ယူကရိန်းနိုင်ငံအခြစိုက် SKYETON နည်းပညာကုမ္ဗဏီမှထုတ်လုပ်သော RAYBIRD 3 အမျိုးအစား သည် တပ်ဆင်ချိန် ၁၅ မိနစ်ခန့်၊ အကွာအဝေး ၂၅၀၀ ကီလိုမီတာ (မိုင်ပေါင်း ၁၅၅၀ )၀န်းကျင်ခန့်ပျံသန်းနိုင်ပြီး ကောင်းကင်ယံတွင် နာရီ၂၀ ခန့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀(ပေ၁၀၀၀၀)အကွာ နှင့် အလေးချိန် ၅ ကီလိုဂရမ် သယ်ဆောင်နိုင်သော မောင်းသူမဲ့အသေးစားအဝေးထိန်းလေယာဉ်အမျိုးအစားဖြစ်ပါသည်။ 
သာမန်မောင်းသူမဲ့ယာဉ်များနှင့်မတူညီသောအချက်မှာ ဘက်ထရီ စနစ်မဟုတ်ပဲ Four-stroke gasoline engine စနစ်ဖြင့်မောင်းနှင်ပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ ၃.၅ အားရှိသော ယာဉ်ဖြစ်သည်။
ယာဉ်၏၀မ်းဗိုက်အောက်ခြေတွင် အသုံးပြုသူလိုအပ်သလို တပ်ဆင်အသုံးပြုနိုင်ရန် ကင်မရာတပ်ဆင်နိုင်သော နေရာပါရှိသည်။
ရေပေါ်ရေအောက် မြေပေါ်မြေအောက် နှင့် တောရိုင်းတိရိစ္ဆာန်များစောင့်ကြည့်လေ့လာခြင်း၊ နယ်စပ်ဒေသများအား စောင့်ကြည့်ခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများ၊ မြေပုံ တိုင်းတာရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးများအတွက် အသုံးပြုနိုင်ရန်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
၎င်းယာဉ်ကိုဝယ်ယူရန်အတွက် ကုမ္ဗဏီနှင့်သဘောတူညီမှုစာချုပ်ချုပ်ဆိုရန်လိုအပ်သည်။


Source- www.skyeton.com
Writer - COS

Tuesday, April 11, 2017

အထက၂ သိန်းနီ ကျောင်းအုတ်တံတိုင်းကာရံပြီးစီးမှုအခြေအနေ

ကျောင်းသူ/သား မိဘများ၏ အလှူငွေဖြင့်ကာနေသော အထက၂ သိန်းနီ အုတ်တံတိုင်းကာနေမှုအခြေအနေ ပေ၁၈၀ ခန့် ကာရံနေပြီး ကျောင်းအနောက်ဖက်ခြမ်းအတွက် ပေ ၄၀၀ ခန့် ကာရန်ကျန်










Sunday, January 22, 2017

Web Design လေ့လာလိုသူများအတွက်




#Education
#share
#ref
မင်္ဂလာပါ
.............
ဒီနေ့ မျှဝေချင်တဲ့အကြောင်းအရာကတော့ Web Design နဲ့ပတ်သက်ပြီးလေ့လာလို့ရတဲ့ Web Site ကိုမျှဝေပေးချင်ပါတယ်။ နာမည် ကတော့ www.w3schools.com ပါ။
WEB နဲ့ပတ်သက်တဲ့ အခြေခံဖြစ်တဲ့ HTML ကစပြီး လေ့လာလို့ရပါတယ်။ ကိုယ်တိုင်လဲ web page ပေါ်မှာ တင် test လုပ် လေ့ကျင့်နိုင်ပါတယ်။ အပြင်သင်တန်းတွေမှာ Web Desgin Course သွားတက်မယ်ဆိုရင် ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားမှာ သုံးစွဲဖို့လိုပါတယ်။ သင်ယူဖို့အတွက် အခြားကုန်ကျစရိတ်တွေလဲ လိုအပ်ပါတယ်။ ဒီ Web Site မှာတင်ထားတဲ့ အကြောင်းအရာတွေက အပြင်သင်တန်းက သင်ပေးမယ့်အရာတွေထက်ကို ပိုရှိနေပါတယ်။ ဒါကြောင့် မိတ်ဆွေသာ Web Design နဲ့ ပတ်သက်ပြီးလေ့လာလိုသူဖြစ်မယ်ဆိုရင် အသင့်တော်ဆုံးလို့ အကြံပြုပါရစေ။
......................................................................
လေ့လာပါ၊လေ့ကျင့်ပါ၊ပြန်လည်မျှဝေပါ၊အကျိုးပြုပါ။
.....................................................................
လေးစားစွာဖြင့်
Admin

Thursday, January 12, 2017

၎ နှစ်အကြာ ပိတ်ထားခဲ့သော ရေပူ ကန့်သတ်ကုန်စစ်ဆေးရေးစခန်းပြန်ဖွင့်မည်

၎ နှစ်အကြာ ပိတ်ထားခဲ့သော ရေပူ ကန့်သတ်ကုန်စစ်ဆေးရေးစခန်းကို ၁၆ ရက်နေ့တွင်ပြန်လည်ဖွင့်မည်ဟု အွန်လိုင်းသတင်းများမှ သိရပါတယ်။
{{{{ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊သိန်းနီမြို့နယ်၊ရေပူရွာအနီးရှိ ကန့်သတ်ကုန် စစ်ဆေးရေးစခန်းအား ၈.၁.၂၀၁၂ တွင် မြန်မာနိုင်ငံအစိုးရမှတရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ်မှ သွင်းကုန်များကို လည်းယခင်ကထက်ပိုမိုလွတ်လပ်စွာ ကုန်သွယ်မှူပြုနိုင်ကြောင်းသတင်းရရှိပါသည်။}}}}


Thursday, July 07, 2016

အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အုတ်နံရံများကာရံ အလှုငွေများလိုအပ်

        အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း သိန်းနီ သည် ကျောင်းလုံခြုံရေးနှင့် ကျောင်းသူကျောင်းသားများ၏ လုံခြုံရေးအတွက် အုတ်နံရံအလှုရှင်များ လိုအပ်လျှက်ရှိပါသည်။ အဆိုပါအုတ်နံရံများကာရံနိုင်ရန်အတွက် အလှုရှင်များနည်းပါးနေသောကြောင့် ပေ ၆၀၀ ၀န်းကျင်ခန့် မှာ အတားအဆီးမရှိ ၀င်ထွက်သွားလာနိုင်ပြီး လုံခြုံမှုကင်းမဲ့လျှက်ရှိပါသည်။ အုတ်နံရံများကာရံနိုင်ရန်အတွက် အလှုငွေများထည့်ဝင်လှုဒါန်းလိုပါက ကျောင်းအုပ်ချူုပ်မှုတာဝန်ခံအရာရှိထံသို့ တိုက်ရိုက်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။


Related Posts Plugin for WordPress, Blogger...