Sunday, November 13, 2011

မိုင်းဖုန်းဆရာတော်တည်ထားခဲ့သော စေတည်တော်






သိန်းနီမြို့ဦးကြာကန်သမိုင်း



သိန်းနီမြို့နယ်ခန်းမ


သိန်းနီမြို့ဦးကြာကန်သမိုင်း နှင့် မြို့ အကြောင်း

သိန်းနီမြို့ ရှိ မြို့ဦးကြာကန်သည် လွန်ခဲ့သောနှစ်များစွာ က ဂျပန် လေယာဉ်အချို့ပျက်ကျခဲ့ဖူးသည်ဟု ဘိုးဘွားများပြောခဲ့ဖူးသည်ကိုကြားဖူးပါသည်။ကြာကန်သည် ထူးခြားမှုများရှိနေသည်ကို မြို့တွင်နေထိုင်သော သူများသိသာပေလိမ့်မည်။ထိုထူးခြားချက်မှာ - လွိုင်ဆမ်ဆစ်(တောင်သုံးဆယ်)(ရှမ်းဘာသာ) ကို ကြာကန်အတွင်းမှ မြင်နိုင်သည်ဟု ဆိုကြသည်။ ထိုအချက်ကိုလက်မခံချင်သော်လည်းယနေ့ အချိန်တွင် ကြာကန်ဘေးတွင် ညနေပိုင်းလေညှင်းခံရင်း အကင်စားသောက်နိုင်သော စားသောက်ဆိုင်နှင့် မြို့ ၏ အလှအပ ကို ခံစားနိုင်သော ညနေပိုင်း ရင်ကွဲကျောက်တောင်သို့ သွားနိုင်သည်။ ထို့အပြင် မိုင်းဖုန်းဆရာတော် တည်ထားခဲ့သော ရေတံခွန်ကျောက်လှိုင်ဂူနှင့် စေတီပုထိုးများသို့ အပန်းဖြေလည်ပတ်နိုင်သည်။မြို့လည်တွင်အစားအသောက် အဆင်ပြေစေရန် ပိတောက်ရိပ်ထမင်းဆိုင်နှင့် လက်ဖက်ရည်ကြိုက်နှစ်သက်သူများအတွက် (Blessing Tea House ) ရှိပါသည်။

သိန်းနီမြို့အကြောင်းအကျဉ်းချုပ်

သိန်းနီမြို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သောမြို့တစ်မြို့ဖြစ်ကာ ရှမ်းလူမျိုးအများစုနေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့သောမြို့ဖြစ်သည်။ယခင်က ရှမ်းလူမျိုးစော်ဘွားများအုပ်ချူပ်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှူအမွေအနှစ်များရှိသောမြို့တစ်မြို့ဖြစ်သည်။ထင်းရှားသောနေရာ အနေနှင့်မြို့ ဦးကြာကန်နှင့် တောင်များပတ်ပတ်လည်ဝိုင်းရန်ပြီးနေထိုင်ရန်သင့်တော်သောမြို့တစ်မြို့ဖြစ်သည်။

သိန်းနီးမြို့ သတင်းဘလော့တည်ထောင်ခြင်း၏ ရည်ရွယ်ချက်

သိန်းနီးမြို့ သတင်းတည်ထောင်ဖြစ်ခြင်း၏ ရည်ရွယ်ချက်မှာ-
၁။ သိန်းနီမြို့ တွင် လိုအပ်နေသော အချက်အလက်များနှင့် သတင်းများကိုသက်ဆိုင်ရာဌာနသို့ပေးပို့လိုခြင်း
၂။ သိန်းနီမြို့ ၏ အထင်ကရနေရာများဖြစ်သော ဘုရားများနှင့် အလည်အပတ်အဖြစ်သတ်မှတ်လိုခြင်း

၃။ သိန်းနီမြို့ သည် ကြားမြို့နယ် တစ်မြို့ဖြစ်သောကြောင့် နည်းပညာ၊ဗဟုသုတ နှင့် အချိန်နှင့်တပြေးညီ သတင်းများရရှိနိုင်အောင် အင်တာနက်၊တယ်လီဖုန်း၊ဖက်စ်၊ကားဂိတ်၊ရထားဂိတ်များနှင့် အခြားသောစီးပွားရေးဆိုင်ရာ အခြေအနေများကိုတိုးတက်ပြောင်းလဲစေလိုခြင်း အစရှိသောအချက်များကြောင့်ဖြစ်သည်။

လျှပ်စစ်စွမ်းအားခေတ်ကျော်သွားသောအကြောင်း

ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ တွင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့် က မီးရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ်မှ လည်းကောင်း၊မီးစက် ဖြင့်လည်းကောင်း တစ်မျိုးစီဖြင့်ရရှိခဲ့ပါသည်။ထိုသို့ရရှိနေချိန် တွင် ရွှေလီ၊မန်ဆန်၊ရွှေစာရံ လျှပ်စစ်ဓါတ်အားလိုင်းမှ လျှပ်စစ်မီးများရရှိချိန်တွင် သိန်းနီမြို့သို့မြေပေါ်ကေဘယ်ကြီးများဖြင့်သွယ်တန်းကာ မီးရရှိရေးကိုဆောင်ရွက်ပေးခဲ့ပါသည်။ထို့သို့ဆောင်ရွက်ပြီးနောက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်မှုဆိုင်ရာသို့ လွှဲပြောင်းသောအခါ လျှပ်စစ်မီးရရှိမှုမှာ ပြည်သူပြည်သားမြို့သူမြို့သားများအတွက် အခက်အခဲဖြစ်စေနိုင်သော ဈေးနှုန်းနှင့် မီးသွယ်တန်းရန် တိုင်ဖိုးဟု သတ်မှတ် ကာ ကျပ်နှစ်သိန်း ၀န်းကျင်မှ သုံးသိန်း အထိကောက်ခံခဲ့ ပြီးယခု အခါ လျှပ်စစ်မီးရရှိမှု မှာ ၀ပ် ၂၀ ပင် မပြည့်ကြောင်း၊ရရှိထားသော အိမ်ခြေရာခိုင်နှုန်းမှာလဲ ၁၀၀% တွင် ၁၀% နှင့် ကျေးရွာမီးလင်း ရေးတာဝန်ရှိသူများနှင့်အဆင်ပြေသော သူများသာ မျက်နှာလိုက်စီစဉ်ပေးလျှက်ရှိကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာန သို့ရောက်ရှိစေရန် ဖော်ပြအပ်ပ်သည်။

သိန်းနီမြို့ ၏ လှပသောရှူခင်းများ












Saturday, November 12, 2011

သိန်းနီမြို့အေးရှားဝေါလ်ကုမဏီ (တိုးဂိတ်)

သိန်းနီမြို့ အထက်တန်းကျောင်းခွဲ(ရှမ်းပြည်မြောက်ပိုင်း)




သိန်းနီမြို့ အထက်တန်းကျောင်းခွဲ




သိန်းနီမြို့အထက်တန်းကျောင်းခွဲသည် ခေတ်အဆက်ဆက် က ကျောင်းအုပ်များစွာအုပ်ချူပ်ခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး သိန်းနီမြို့၊ကောင်းလောက်စောက်ကျေးရွာ ပတ်ဝန်းကျင်မှ ဒေသခံလူငယ်များစွာကို ပညာတတ်များဖြစ်အောင် စွမ်းဆောင်ပေးနေသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ယနေ့ အချိန်တွင် အထကခွဲ သိန်းနီ ၏ တိုးတက်မှုမှာ ယနေ့ ခေတ်ကျောင်းသူကျောင်းသားများ သိသင့်သောအိုင်တီနည်းပညာ အခြားသော အတတ်ပညာ ဗဟုသုတများစွာ လိုအပ်သည်ဟုမြင်မိပါသည်။ သို့ဖြစ်ပါသောကြောင့် ကျနော့် အနေဖြင့်ကျောင်းစေယျာဝစ္စများကို တတ်နိုင်သမျှလှူဒါန်းကူညီမည်ဟုဆုံးဖြတ်ထားသောကြောင့် အွန်လိုင်းမိတ်ဆွေနှင့် သူငယ်ချင်းများအားလုံးကို တတ်အားသမျှကူညီလှူဒါန်းရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ လှူဒါန်းလိုပါလျှင်ဆက်သွယ်ရန်ဖုန်း-082-63142 နှင့် 09-73166553 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သိန်းနီမြို့ သတင်းဘလော့




Related Posts Plugin for WordPress, Blogger...