Monday, July 09, 2012

ပြည်သူ့စစ် ၂ ဦးအားသေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား



လွန်ခဲ့သော ရက်အနည်းငယ်အတွင်းရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ နယ် မိုင်းပါးကျေးရွာ အုပ်စု ကောင်းအိုင် တွင် ကေဒီအေ (ငြိမ်းချမ်းရေး) ပြည်သူ့စစ် ၂ ဦးအား ကောင်းအိုင်ရွာ ရှိနမ့်တူ ချောင်းစပ် တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့(အမည်မသိ) မှ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သေဆုံးသူ ၂ ဦး၏ မိသားစု ၀င်များမှာ ငွေဖြင့်လာရောက်ရွေးသော် လည်းအသက်မမှီပဲသေဆုံးနေသော အလောင်းနှစ်လောင်းကိုသာ နမ္မတူချောင်းစပ်တွင် တွေ့ရှိခဲ့ပါသည်။ ထိုသို့သတ်ပြီး အင်းအား ၂၀၀ ကျော်ခန့်ရှိသော အတိုက်အခံအဖွဲ့အစည်းတစ်ခု သည် မိုင်းပါး ကျေးရွာ လမ်းကြောင်းအတိုင်းဆင်းလာကာ သိန်းနီမြို့နယ် ပိန်းဆာ ကျေးရွာ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် လားဟူ လူမျိုး ဦးကာလတ် အား ကျည်ဆန် နှစ်တောင့် ပေးပြီး ပစ်သတ်မည်ဟူသော သဘောဖြင့် ခြိမ်းခြောက်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့ သည် အမှတ်(၁၆) စစ်ဆင်းရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံနယ်မြေဖြစ်ပြီး ၄င်း စကခ ၏ လက်အောက်ခံတွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိကာ နယ်မြေစိုးမိုးမှုအားနည်းနေသောကြောင့် သိန်းနီမြို့နေပြည်သူလူထု ၏ အသက်အိုးအိမ်နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ အသက်အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံ တစ်ဦး၏ပြောကြားချက် အရသိရသည်။

  သေဆုံးသူ ၂ ဦး ၏ အမည်နှင့်အသက်
၁။ အမည် - ဘာလာ
အသက် - 35 ၀န်းကျင်
၂။ အမည်- ယက္ခ
အသက် - 38 ၀န်းကျင်

 


No comments:

Related Posts Plugin for WordPress, Blogger...