သိန်းနီမြို့၏ စီးပွားရေး၊ပညာရေး၊လူမှူရေးနှင့် အခြားသော ဒေသန္တရ သတင်းများကိုအချိန်နှင့်တပြေးညီ ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။ -ဆက်သွယ်လိုပါက-theinninews@gmail.com သို့၂၄ နာရီဆက်သွယ်ပေးပို့နိုင်ပြီး မိမိတို့၏ကိုယ်ပိုင်သတင်းများကိုလဲ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးအကြောင်းကြားနိုင်ကြောင်းအသိပေးအပ်ပါသည်။
Showing posts with label News. Show all posts
Showing posts with label News. Show all posts
Monday, September 24, 2012
လမ်းတဖက်လျှင် ၅ ပေစီချဲ့သွားမည့် ဟိုင်းဝေးလမ်းစီမံကိန်း
ယခု ရက်ပိုင်းအတွင်းသိန်းနီမြို့ မန္တလေး - သိန်းနီ-မူဆယ် ဆက်သွယ်ထားသောလမ်းဘေးဝဲယာကို တဖက်လျှင် အကျယ် ၅ ပေစီချဲ့သွားမည်ဖြစ်ကြောင်း လမ်းလုပ်ငန်းတစ်ချို့လုပ်ကိုင်သူများထံမှ သတင်းရရှိပါသည်။
သိန်းနီမြို့၏ ပထမဆုံး ဟိုတယ်ဆောက်လုပ်ခြင်း
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့တွင် ယခု လပိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တစ်ချို့မှ ယခင်သိန်းနီဆေးရုံအုပ်နေအိမ်မြေနေယာဟောင်း (ထောက်လှမ်းရေးရုံးရှေ့ခြံ)အား ၀ယ်ယူကာ ဟိုတယ်ဆောက်လုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ယခင်က သိန်းနီမြို့တွင် ရှိခဲ့သော တည်းခိုခန်းလုပ်ငန်းများမှာလဲ မြို့အနေအထားကြောင့်(စကားဝါးတည်းခိုခန်း၊ချစ်ကြည်ရေးတည်းခိုခန်း)
တို့သာရှိခဲ့ပြီး ထိုကဲ့သို့ ဟိုတယ်ဆောက်လုပ်ခြင်းသည် သိန်းနီမြို့၏ပထမဆုံးအကြိမ်ဖြစ်ပါသည်။
တို့သာရှိခဲ့ပြီး ထိုကဲ့သို့ ဟိုတယ်ဆောက်လုပ်ခြင်းသည် သိန်းနီမြို့၏ပထမဆုံးအကြိမ်ဖြစ်ပါသည်။
Friday, July 13, 2012
ချေးငွေ ထုတ်ချေးပေးခဲ့ သော ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာန
12.7.2012 ကြသပတေးနေ့က ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြ
ို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တွင်းနေထိုင်သောပြည်သူလူထုအား လယ်ယာစိုက်ပျိုးရေးအတွက် ချေးငွေကျပ် ၁၆၀၀၀၀ ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်းသတင်းရရှိ ပါသည်။
Tuesday, May 29, 2012
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ တွင် ISP (Internet Service Provider) လိုအပ်လျှက်ရှိ
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ တွင် ISP (Internet Service Provider) ထားရှိပေးရန်လိုအပ်လျှက်ရှိပါသောကြောင့် ဒုသမ္မတကြီး ဒေါက်တာစိုင်းမောက်စ်ခမ်းနှင့် တကွ ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန သို့ အသိပေးလိုသောကြောင့် ဖေ့ဘွတ်မှ တဆင့် ဖြန့်ဝေခြင်းကို ကူညီပေးပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။
သိန်းနီသတင်းရပ်ဝန်း တည်ထောင်ခြင်းရည်ရွယ်ချက်များ
သတင်းများ ပေးပို့ လိုပါက theinninews@gmail.com သို့ တိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ေ ကြာင်း သတင်းကောင်းပါးအပ်ပါသည်။
(သိန်းနီမြို့ ၏ သတင်းများကို တင်နေခြင်း၏ ရည်ရွယ်ချက်မှာ
- ၁။ သိန်းနီဒေသဖွံ့ဖြိုးရေး
- ၂။ လိုအပ်လျှက်ရှိသော အုပ်ချုပ်မှူပိုင်းများအား ဝေဖန်အကြံပေးရေး
- ၃။ နိုင်ငံတော် အုပ်ချူပ်ရေးတာဝန်ရှိသူများ နှင့် အများပြည်သူများ သိန်းနီမြို့တွင်ဖြစ်ပေါ်လျှက်ရှိသော အကြောင်းအရာများ အသိပေးလိုခြင်းဖြစ်ပါသည်။
(သိန်းနီမြို့သားမှ သတင်းများကို ရေးသားတင်နေသောကြောင့် သတင်းများ ကို အမှန်ကန်ဆုံးဖြစ်အောင်ရေးသားတင် ပို့ ပြီး ဓါတ်ပုံဖိုင်များကို လဲ သတင်းရေးသူ ကိုယ်တိုင်သွားရောက်ရိုက်ကူးထား ခြင်းဖြစ်ပါသည်။)
Monday, March 05, 2012
လှည်းတန်းလမ်းဆုံမီးပွိုင့်နှင့် ရွှေဂုံတိုင်ပွိုင့်တို့အား ကုန်းတံတားဆောက်လုပ်မည့်အစီအစဉ်
၂၀၁၂ ခုနှစ် အစိုးရသစ်လက်ထက်မှာ လှည်းတန်းလမ်းဆုံမီးပွိုင့်နှင့် ရွှေဂုံတိုင်ပွိုင့်တို့အား ကုန်းတံတားဆောက်လုပ်မည့် Project များအား ရာထားချက်ကို မျက်မြင်တွေ့ရသည်။
လာမည့် နွေရာသီ ရေအလှူအစီအစဉ်
လာမည့် နွေရာသီတွင် ရေရရှိမှုနည်းပါးနေသော နေအိမ်များအတွက် အ၀ီစိတွင်းမှ ရေရရှိအောင်ဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းကောင်းပါအပ်ပါသည်။
ဦးပိုင်ရေစက်ဖြင့်ရေလည်ကာ လိုအပ်သလိုလှူဒါန်းသွားမည်ဖြစ်ကြောင်းအသိပေးကြော်ငြာအပ်ပါသည်။
ရေကုသိုလ်ပြုလိုသူများဆက်သွယ်ရန်ဖုန်း-၀၉၇၃၁၆၆၅၅၃ သို့တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးပိုင်ရေစက်ဖြင့်ရေလည်ကာ လိုအပ်သလိုလှူဒါန်းသွားမည်ဖြစ်ကြောင်းအသိပေးကြော်ငြာအပ်ပါသည်။
ရေကုသိုလ်ပြုလိုသူများဆက်သွယ်ရန်ဖုန်း-၀၉၇၃၁၆၆၅၅၃ သို့တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
အရှင်သောမ (ထားဝယ်)၏ သိန်းနီတရားပွဲ
လွန်ခဲ့သော လ ၂၈ နေ့မှ ၂၉ ရက်နေ့အထိ သံဝေဂဆရာတော် အရှင်သောမ(ထားဝယ်)သည် ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့သို့ တရားပွဲအလှူကြွရောက်ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
.ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြို့းရေးပါတီ က ၁၅၀၀ ကျပ်နဲ့မဲဆွယ်
လွန်ခဲ့သော ရက်ပိုင်းအတွင်း က ကျနော် ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့ကို အလည်ပြန်သွားတော့ ကျနော်တို့ ကျောင်းခမ်းဘုန်းကြီးကျောင်းကို ၀င်သွားပြီးဆရာတော်ကို လှူဖွယ်ဝတ္ထုလေး သွားလှူဖြစ်ခဲ့ပါတယ်။ကျနော် ဘုန်းကြီးကျောင်းပေါ်ရောက်တော် အနီးနားပတ်ဝန်ကျင်က ရွာသူရွာသားတော်တော်များများ စုဝေးနေတာကို တွေ့မိတော့ ထုံးစံအတိုင်း စကားဆော့မေးကြည့်တော့.....ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြို့းရေးပါတီက သူတို့ကို ဆန္ဒမဲပေးတယ်ဆို ရင် တစ်ယောက်ကို ၁၅၀၀ ကျပ်ပေးမယ်ဆိုတဲ့ သတင်းအစအနလေးကြားခဲ့တယ်ဗျ ။ ဘာပဲပြောပြောပေါ့ ကျနော် ကတော့ အမေစု ကို အားပေးတဲ့သူဆိုတော့ ခွပ်ဒေါင်းတွေ အတွက် အသံပေးလိုက်မယ်ဗျာ သိန်းနီမြို့ မှာ NLD ကနေ၀င်ရောက်ယှဉ်ပြိုင်မယ့်သူ မတွေ့သေးဘူးဗျ ။ဒါကြောင့် ခွပ်ဒေါင်းတွေအတွက် နေရာ ရနိုင်ပါတယ်။
Sunday, January 15, 2012
ပြောင်းလဲ သင့်သော သိန်းနီမြို့
ရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီမြို့မှာရှိနေတဲ့ကားဂိတ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေအနေများကို ယခင်ရှိနေသော အခြေအနေများထက် ပိုမိုပြောင်းလဲ ပြုပြင်သင့်သည်။
Wednesday, December 21, 2011
ရန်ကုန်မြို့လှည်းတန်းလမ်းဆုံအနီးများပြည်သူသုံးToilet တွင် ဗုံးပေါက်ကွဲခြင်းသတင်း
by The Voice Weekly
လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်
တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံန
က် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန်
ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ
The Voice Weekly သတင်းထောက်က သတင်းပေးပို့
သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ အပြင်းအ
ထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။
The Voice Weekly
လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော သန့်စင်
ခန်းနှင့် အနီးတစ်ဝိုက်တွင် မိုင်းရှာခွေးများဖြင့် ဗုံးရှာဖွေလျ
က် ရှိကြောင်း၊ အခင်းဖြစ်ပွားရာ သန့်စင်ခန်းအတွင်း နော
က်ထပ် ဗုံးတစ်လုံး ကျန်ရှိသေးသည်ဟု သတင်းများ ထွက်
ပေါ်နေကြောင်း၊ အဆိုပါနေရာသို့ စစ်ကား နှစ်စီး၊ ရဲကား
နှစ်စီး၊ သူနာပြုယာဉ် နှစ်စီး ရောက်ရှိနေကြောင်း၊ အဆိုပါ
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တက္ကသိုလ်ရိပ်သာလမ်းအား
ယာဉ်ကြောတစ်ခြမ်း ခေတ္တခဏ ပိတ်ထားကြောင်း၊ ယင်း
နေရာသို့ လုံခြုံရေး အင်အား အယောက် ၅၀ ထက်မနည်း
ရောက်ရှိနေပြီး လာရောက်ကြည့်ရှုသူ ၃၀၀ ဦးခန့် ရှိကြေ
ာင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် The Voice
Weekly သတင်းထောက်က သတင်းပေးပို့သည်။
အခင်းဖြစ်ပွားရာသို့ နေ့လည် ၁၂ နာရီတိတိတွင် ရန်ကုန်
တိုင်း လုံခြုံရေးဝန်ကြီး ရောက်ရှိလာပြီး မီးသတ်ယာဉ် နှစ်
စီးလည်း ထပ်မံရောက်ရှိ လာသောကြောင့် သန့်စင်ခန်းအ
တွင်း ဗုံးထပ်မံ တွေ့ရှိသည့် အခြေအနေဟု ယူဆရကြော
င်း The Voice Weekly သတင်းထောက်က သတင်းပေး
ပို့သည်။
Sunday, November 13, 2011
မိုင်းဖုန်းဆရာတော်တည်ထားခဲ့သော စေတည်တော်
သိန်းနီမြို့ဦးကြာကန်သမိုင်း
သိန်းနီမြို့ဦးကြာကန်သမိုင်း နှင့် မြို့ အကြောင်း
သိန်းနီမြို့ ရှိ မြို့ဦးကြာကန်သည် လွန်ခဲ့သောနှစ်များစွာ က ဂျပန် လေယာဉ်အချို့ပျက်ကျခဲ့ဖူးသည်ဟု ဘိုးဘွားများပြောခဲ့ဖူးသည်ကိုကြားဖူးပါသည်။ကြာကန်သည် ထူးခြားမှုများရှိနေသည်ကို မြို့တွင်နေထိုင်သော သူများသိသာပေလိမ့်မည်။ထိုထူးခြားချက်မှာ - လွိုင်ဆမ်ဆစ်(တောင်သုံးဆယ်)(ရှမ်းဘာသာ) ကို ကြာကန်အတွင်းမှ မြင်နိုင်သည်ဟု ဆိုကြသည်။ ထိုအချက်ကိုလက်မခံချင်သော်လည်းယနေ့ အချိန်တွင် ကြာကန်ဘေးတွင် ညနေပိုင်းလေညှင်းခံရင်း အကင်စားသောက်နိုင်သော စားသောက်ဆိုင်နှင့် မြို့ ၏ အလှအပ ကို ခံစားနိုင်သော ညနေပိုင်း ရင်ကွဲကျောက်တောင်သို့ သွားနိုင်သည်။ ထို့အပြင် မိုင်းဖုန်းဆရာတော် တည်ထားခဲ့သော ရေတံခွန်ကျောက်လှိုင်ဂူနှင့် စေတီပုထိုးများသို့ အပန်းဖြေလည်ပတ်နိုင်သည်။မြို့လည်တွင်အစားအသောက် အဆင်ပြေစေရန် ပိတောက်ရိပ်ထမင်းဆိုင်နှင့် လက်ဖက်ရည်ကြိုက်နှစ်သက်သူများအတွက် (Blessing Tea House ) ရှိပါသည်။
သိန်းနီမြို့အကြောင်းအကျဉ်းချုပ်
သိန်းနီမြို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက
တည်ရှိခဲ့သောမြို့တစ်မြို့ဖြစ်ကာ ရှမ်းလူမျိုးအများစုနေထိုင်ပြီး
စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့သောမြို့ဖြစ်သည်။ယခင်က
ရှမ်းလူမျိုးစော်ဘွားများအုပ်ချူပ်ခဲ့ပြီး
ရှေးဟောင်းယဉ်ကျေးမှူအမွေအနှစ်များရှိသောမြို့တစ်မြို့ဖြစ်သည်။ထင်းရှားသောနေရာ
အနေနှင့်မြို့ ဦးကြာကန်နှင့်
တောင်များပတ်ပတ်လည်ဝိုင်းရန်ပြီးနေထိုင်ရန်သင့်တော်သောမြို့တစ်မြို့ဖြစ်သည်။
သိန်းနီးမြို့ သတင်းဘလော့တည်ထောင်ခြင်း၏ ရည်ရွယ်ချက်
သိန်းနီးမြို့ သတင်းတည်ထောင်ဖြစ်ခြင်း၏ ရည်ရွယ်ချက်မှာ-
၁။ သိန်းနီမြို့ တွင် လိုအပ်နေသော အချက်အလက်များနှင့် သတင်းများကိုသက်ဆိုင်ရာဌာနသို့ပေးပို့လိုခြင်း
၂။ သိန်းနီမြို့ ၏ အထင်ကရနေရာများဖြစ်သော ဘုရားများနှင့် အလည်အပတ်အဖြစ်သတ်မှတ်လိုခြင်း
၃။ သိန်းနီမြို့ သည် ကြားမြို့နယ် တစ်မြို့ဖြစ်သောကြောင့် နည်းပညာ၊ဗဟုသုတ နှင့် အချိန်နှင့်တပြေးညီ သတင်းများရရှိနိုင်အောင် အင်တာနက်၊တယ်လီဖုန်း၊ဖက်စ်၊ကားဂိတ်၊ရထားဂိတ်များနှင့် အခြားသောစီးပွားရေးဆိုင်ရာ အခြေအနေများကိုတိုးတက်ပြောင်းလဲစေလိုခြင်း အစရှိသောအချက်များကြောင့်ဖြစ်သည်။
၁။ သိန်းနီမြို့ တွင် လိုအပ်နေသော အချက်အလက်များနှင့် သတင်းများကိုသက်ဆိုင်ရာဌာနသို့ပေးပို့လိုခြင်း
၂။ သိန်းနီမြို့ ၏ အထင်ကရနေရာများဖြစ်သော ဘုရားများနှင့် အလည်အပတ်အဖြစ်သတ်မှတ်လိုခြင်း
၃။ သိန်းနီမြို့ သည် ကြားမြို့နယ် တစ်မြို့ဖြစ်သောကြောင့် နည်းပညာ၊ဗဟုသုတ နှင့် အချိန်နှင့်တပြေးညီ သတင်းများရရှိနိုင်အောင် အင်တာနက်၊တယ်လီဖုန်း၊ဖက်စ်၊ကားဂိတ်၊ရထားဂိတ်များနှင့် အခြားသောစီးပွားရေးဆိုင်ရာ အခြေအနေများကိုတိုးတက်ပြောင်းလဲစေလိုခြင်း အစရှိသောအချက်များကြောင့်ဖြစ်သည်။
လျှပ်စစ်စွမ်းအားခေတ်ကျော်သွားသောအကြောင်း
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ တွင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့် က မီးရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ်မှ လည်းကောင်း၊မီးစက် ဖြင့်လည်းကောင်း တစ်မျိုးစီဖြင့်ရရှိခဲ့ပါသည်။ထိုသို့ရရှိနေချိန် တွင် ရွှေလီ၊မန်ဆန်၊ရွှေစာရံ လျှပ်စစ်ဓါတ်အားလိုင်းမှ လျှပ်စစ်မီးများရရှိချိန်တွင် သိန်းနီမြို့သို့မြေပေါ်ကေဘယ်ကြီးများဖြင့်သွယ်တန်းကာ မီးရရှိရေးကိုဆောင်ရွက်ပေးခဲ့ပါသည်။ထို့သို့ဆောင်ရွက်ပြီးနောက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်မှုဆိုင်ရာသို့ လွှဲပြောင်းသောအခါ လျှပ်စစ်မီးရရှိမှုမှာ ပြည်သူပြည်သားမြို့သူမြို့သားများအတွက် အခက်အခဲဖြစ်စေနိုင်သော ဈေးနှုန်းနှင့် မီးသွယ်တန်းရန် တိုင်ဖိုးဟု သတ်မှတ် ကာ ကျပ်နှစ်သိန်း ၀န်းကျင်မှ သုံးသိန်း အထိကောက်ခံခဲ့ ပြီးယခု အခါ လျှပ်စစ်မီးရရှိမှု မှာ ၀ပ် ၂၀ ပင် မပြည့်ကြောင်း၊ရရှိထားသော အိမ်ခြေရာခိုင်နှုန်းမှာလဲ ၁၀၀% တွင် ၁၀% နှင့် ကျေးရွာမီးလင်း ရေးတာဝန်ရှိသူများနှင့်အဆင်ပြေသော သူများသာ မျက်နှာလိုက်စီစဉ်ပေးလျှက်ရှိကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာန သို့ရောက်ရှိစေရန် ဖော်ပြအပ်ပ်သည်။
Subscribe to:
Posts (Atom)


