Monday, July 30, 2012

အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အုတ်တံတိုင်းကာရန် အလှူရှင်များစာရင်း

အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အုတ်တံတိုင်းကာရန် အလှူရှင်များစာရင်း
------------------------------------------------------------------------------------
 စိုင်းသက်နောင်စိုး  (ကျောင်းသားဟောင်း)    (25000 ကျပ်)
 စိုင်းစိုးသီဟ          (ကျောင်းသားဟောင်း)    (25000 ကျပ်)
 စိုင်းအောင်ပြည့်     (ကျောင်းသားဟောင်း)    (25000 ကျပ်)
 မောင်ကျော်ထူးနိုင်  (ကျောင်းသားဟောင်း)    (25000 ကျပ်)
 နန်းခင်ယုနှင်း        (ကျောင်းသူဟောင်း)       (25000 ကျပ်)

အုတ်တံတိုင်း (၁၀) ပေ တစ်ကန့်၏ ကုန်ကျငွေတန်ဖိုးအတိုင်း (၅) ကန့် စာအတွက်ဖြစ်ပါသည်။
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အုတ်တံတိုင်းကာနိုင်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်းသူ၊သားများနှင့် အခြားသော စေတနာထက်သန်သောအလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းလိုပါက- 09-47142412 / 09-73166553 /09-420040004 သို့တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Tuesday, July 24, 2012

သိန်းနီမြို့အထက်တန်းကျောင်းခွဲ မှ (2011-2012)ပညာသင်နှစ်အတွင်း ကျောင်းသားတိုး လက်မခံခြင်း

ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဟူသောဆောင်ပုဒ်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများပညာရေးမြင့်မားစေရန်ဆောင်ရွက်နေချိန်တွင် ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ နယ် ခ.လ.ရ(၆၉)တပ်ကျောင်း မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ (ကြည်း-******) ဗိုလ်ကြီး ဥက္ကာဝင်း သည် ကျောင်းသားဦးရေထပ်မံတိုးလာခြင်းကို လက်မခံဘဲ ကျောင်းသားများပညာသင်ခွင့်ရရှိရေးကို ပိတ်ပင်ထားကျောင်း ဒေသခံများ၏ပြောကြားချက်မှသိရှိရပါသည်။ကျောင်းသား မိဘများသည် မိမိတို့၏ သားသမီးများအားကျောင်းနေပညာသင်ခွင့်ရရှိစေရန်အတွက်တောင်းပန်ပြီး အပ်နှံသော်လဲ လက်မခံခဲ့ပါဟု သိရပါသည်။ထို့သို့ တိုင်းပြည်နှင့်လူမျိုးတိုးတက်စေရန်ပညာလိုလားသော နိုင်ငံ၏မျိုးဆက်သစ်များအား ယခုကဲ့သို့ပိတ်ပင်တားဆီးခြင်းသည် နိုင်ငံနှင့်တိုင်းရင်းသားလူမျိုးများအား စော်ကားသကဲ့သို့ဖြစ်နေပါမည်။
သိန်းနီမြို့သူမြို့သားများအားလုံးကိုယ်စား အများသိရှိစေရန်ရည်ရွယ်ပြီးတင်ခြင်းဖြစ်ပါသည်။


Friday, July 13, 2012

ချေးငွေ ထုတ်ချေးပေးခဲ့ သော ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာန

  • 12.7.2012 ကြသပတေးနေ့က ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တွင်းနေထိုင်သောပြည်သူလူထုအား လယ်ယာစိုက်ပျိုးရေးအတွက် ချေးငွေကျပ် ၁၆၀၀၀၀ ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Monday, July 09, 2012

ကွန်ပျူတာအကြောင်းသိကောင်းစရာ ဗဟုသုတများ

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

ပြည်သူ့စစ် ၂ ဦးအားသေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား



လွန်ခဲ့သော ရက်အနည်းငယ်အတွင်းရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ နယ် မိုင်းပါးကျေးရွာ အုပ်စု ကောင်းအိုင် တွင် ကေဒီအေ (ငြိမ်းချမ်းရေး) ပြည်သူ့စစ် ၂ ဦးအား ကောင်းအိုင်ရွာ ရှိနမ့်တူ ချောင်းစပ် တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့(အမည်မသိ) မှ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သေဆုံးသူ ၂ ဦး၏ မိသားစု ၀င်များမှာ ငွေဖြင့်လာရောက်ရွေးသော် လည်းအသက်မမှီပဲသေဆုံးနေသော အလောင်းနှစ်လောင်းကိုသာ နမ္မတူချောင်းစပ်တွင် တွေ့ရှိခဲ့ပါသည်။ ထိုသို့သတ်ပြီး အင်းအား ၂၀၀ ကျော်ခန့်ရှိသော အတိုက်အခံအဖွဲ့အစည်းတစ်ခု သည် မိုင်းပါး ကျေးရွာ လမ်းကြောင်းအတိုင်းဆင်းလာကာ သိန်းနီမြို့နယ် ပိန်းဆာ ကျေးရွာ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် လားဟူ လူမျိုး ဦးကာလတ် အား ကျည်ဆန် နှစ်တောင့် ပေးပြီး ပစ်သတ်မည်ဟူသော သဘောဖြင့် ခြိမ်းခြောက်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့ သည် အမှတ်(၁၆) စစ်ဆင်းရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံနယ်မြေဖြစ်ပြီး ၄င်း စကခ ၏ လက်အောက်ခံတွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိကာ နယ်မြေစိုးမိုးမှုအားနည်းနေသောကြောင့် သိန်းနီမြို့နေပြည်သူလူထု ၏ အသက်အိုးအိမ်နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ အသက်အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံ တစ်ဦး၏ပြောကြားချက် အရသိရသည်။

  သေဆုံးသူ ၂ ဦး ၏ အမည်နှင့်အသက်
၁။ အမည် - ဘာလာ
အသက် - 35 ၀န်းကျင်
၂။ အမည်- ယက္ခ
အသက် - 38 ၀န်းကျင်

 


Related Posts Plugin for WordPress, Blogger...