Thursday, July 07, 2016

အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အုတ်နံရံများကာရံ အလှုငွေများလိုအပ်

        အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း သိန်းနီ သည် ကျောင်းလုံခြုံရေးနှင့် ကျောင်းသူကျောင်းသားများ၏ လုံခြုံရေးအတွက် အုတ်နံရံအလှုရှင်များ လိုအပ်လျှက်ရှိပါသည်။ အဆိုပါအုတ်နံရံများကာရံနိုင်ရန်အတွက် အလှုရှင်များနည်းပါးနေသောကြောင့် ပေ ၆၀၀ ၀န်းကျင်ခန့် မှာ အတားအဆီးမရှိ ၀င်ထွက်သွားလာနိုင်ပြီး လုံခြုံမှုကင်းမဲ့လျှက်ရှိပါသည်။ အုတ်နံရံများကာရံနိုင်ရန်အတွက် အလှုငွေများထည့်ဝင်လှုဒါန်းလိုပါက ကျောင်းအုပ်ချူုပ်မှုတာဝန်ခံအရာရှိထံသို့ တိုက်ရိုက်ဆက်သွယ်လှုဒါန်းနိုင်ပါသည်။


Android ဖုန်းအသုံးပြုသူများ ဆော့ဝဲလ် လွယ်ကူစွာ Download ပြုလုပ်နိုင်

Android Device User များ VPN app ဖြင့် Denied App များ Download ပြုလုပ်နည်း
********************************************************************
အခုရှင်းပြပေးချင်တဲ့အကြောင်းအရာကတော့ Android User များ အထူးသဖြင့် မြန်မာနိုင်ငံမှ Android User များ မိမိနှစ်သက်သော application တခုကို google play store သို့မဟုတ်အခြား app store များမှDownload ပြုလုပ်နိုင်မည့် နည်းလမ်းလေးဖြစ်ပါတယ်..

1. မိမိအသုံးပြုလျှက်ရှိသော Android Device Firmware Version နှင့်သင့်လျော်သော VPN App တခု ပထမဦးစွာ Download လုပ်ပါ။

2. ဒေါင်းလုပ် ပြုလုပ်ရရှိလာသော VPN app ကို Access ပြုလုပ်နိုင်မည့် နိုင်ငံတခု (ဥပမာ- United State) ဟုရွေးချယ်ပြီး connect ပြုလုပ်ပါ။
3. မိမိ အသုံးပြုလိုသော application ကိုသင့်လျော်သော app store မှ အဆင်ပြေစွာ Download ပြုလုပ်နိုင်ပါပြီ။
မြန်မာ့သုတ
admin

သိန်းနီမြို့၏ ပထမဆုံးသော ပုဂ္ဂလိကဘဏ် CB Bank



Wednesday, July 06, 2016

သိန္နီမြို့တွင် မီးသဂြုင်္ိဟ်စက်တပ်ဆင်အသုံးပြုနိုင်ရေးဆောင်ရွက်




သိန္နီမြို့တွင် မီးသဂြုင်္ိဟ်စက်တပ်ဆင်အသုံးပြုနိုင်ရေးဆောင်ရွက်
သိန္နီ ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့ရှိ ဥတ္တရာသုဘဘာသာပေါင်းစုံသုသာန် သစ်တွင် မီးသင်္ဂြိုဟ်စက်တပ်ဆင် အသုံးပြုနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေကျပ် သိန်း ၅ဝဝ ဖြင့် သိန္နီမြို့နယ် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လောင်တိုက်နှစ်လုံးနှင့် မီးခိုးတိုင်နှစ်တိုင် ပါဝင်သော မီးသင်္ဂြိုဟ်စက်သစ် စမ်းသပ်ဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းစိန်လူ၊ ရှမ်း ပြည်နယ် စည်ပင်သာယာရေးဌာန ခွဲ(လားရှိုး)မှ ဒုတိယအင်ဂျင်နီယာ မှူးကြီး ဦးတင်မောင်စိုး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆာညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သီပေါကိုလတ်)


ဓါတ်ပုံ-အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း သိန္နီမြို့
စာသား-မြ၀တီ


မြန်မာနိုင်ငံရဲတပ်ဖွဲ့က Call Center ဖွင့်၍ စတင်ဆောင်ရွက်ပေးလျက်ရှိ

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ သတင်းအချက်အလက်များ ပေးပို့တိုင်ကြားမှုများနှင့် အကူအညီတောင်းခံမှုများကို Call Center ဖွင့်၍ စတင်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ဇူလိုင် ၆
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူများ၏ သတင်းအချက်အလက်များ ပေးပို့တိုင်ကြား နိုင်ရန်နှင့် အကူအညီများတောင်းခံနိုင်ရန် Call Center ဖွင့်လှစ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ဆက်သွယ်မှု "၁၉၉" ဖုန်း (၆)လုံးကို လွယ်ကူလျင်မြန်စွာ ခေါ်ဆိုနိုင်ရန်အတွက် Call Center အဖြစ် ဖွင့်လှစ်၍ နေ့၊ ည တာဝန်ကျ အဆိုင်းများဖြင့် ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်(၄)ရက်မှ စတင်ကာ ကူညီဆောင်ရွက်ပေးနေပြီဖြစ်သည်။ ကွပ်ကဲရေးရုံးမှ လက်ခံရရှိသော "၁၉၉" Call Complain များကို အချိန်နှင့်တစ်ပြေးညီ လှည့်ကင်း ယာဉ်(၄၇)စီးသို့ ဆက်သွယ်ရေးကွန်ယက်စနစ်ဖြင့် အခင်းဖြစ်ရပ်သို့ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပြီး သတင်းပေးတိုင်ကြားမှုများပြုလုပ်ရာတွင် တိုင်ကြားသူ၏ အမည်နှင့် ဖုန်းနံပါတ်များကို Call Center အနေဖြင့် မပေါက်ကြားအောင် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်ဖုန်း "၁၉၉" သို့ ဆက်သွယ်ခေါ်ဆိုရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေပါက အရေးပေါ်ဖုန်း ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်နိုင်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စက်မှုပိုင်းဆိုင်ရာ ကန့်သတ်ချက်အနေဖြင့် CDMA 450, CDMA 800 မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်များ၌ Location Base Routing စနစ်မပါရှိ၍ ယင်းဖုန်းများ၏ ''၁၉၉'' ခေါ်ဆိုမှုသည် ယင်း၏ပင်မအိတ်ချိန်းရှိရာ မြို့နယ်၏မြို့မရဲစခန်းရှိ "၁၉၉" သို့သာ ရောက်ရှိသွားမည်ဖြစ်ပြီး CDMA 450, CDMA 800 ဖုန်းများနှင့် ၀၁-၂၃၂၃၁၉၉ နံပါတ်နှိပ်၍ ခေါ်ဆိုမှသာ "၁၉၉" ကွပ်ကဲရုံးခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကဲ့သို့ "၁၉၉" Call များ ကွပ်ကဲမှုရုံးသို့ စုစည်းရောက်ရှိသောစနစ်ကို စတင်အသုံးပြု နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် အော်တိုတယ်လီဖုန်း ရရှိသော မြို့နယ်အဆင့် ရဲစခန်းများတွင် MPT, Ooredoo, Telenor GSM ဖုန်းများမှ မြို့နယ် ရဲစခန်းများရှိ "၁၉၉"တယ်လီဖုန်းများသို့ ခေါ်ဆိုရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Related Posts Plugin for WordPress, Blogger...