Showing posts with label သတင်းဓါတ်ပုံ. Show all posts
Showing posts with label သတင်းဓါတ်ပုံ. Show all posts

Saturday, August 11, 2012

ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့(နမ့်ပန်ချောင်းရေ)ကြီးမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ဆိုင်ကယ်အသစ် ၅ စီး ရေထဲမျောပါသွားခြင်း

ဦးဌေးလွင်သေဆုံးသောနေရာတံတားဖြူအနီး

နမ့်ပန်ချောင်း
လွန်ခဲ့သော ၃ ရက်ခန့်က ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့တွင် နမ့်ပန်ချောင်း ရေတက်လာပြီး သိန်းနီမြို့ ဟိုတာရွာ နှင့် ကြာကန် ဆီဆိုင်ကြားတွင် ချောင်းရေ ၂ ပေခန့်တက်ခဲ့ပြီး ပန်စုံရွာ မှ ဦးဌေးလွင် သေဆုံးကာ ဆိုင်ကယ်အရောင်းအ၀ယ်လုပ်ကိုင်သော ကယ်ရီသမားများ ဆိုင်ကယ် အသစ် ၅ စီး ရေထဲမျောသွားခဲ့ပါသည်။ယခုနမ့်ပန်ချောင်းရေတက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီးယခင် ၂၀၀၄ ၂၀၀၅ တွင်လဲ ယခုကဲ့သို့ချောင်းရေတက်ကာ လယ်ကွက်များရေလွှမ်းမိုးခံရပြီး တံတားဖြူအောက်တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါသည်။

သတင်း-သိန်းနီသား

Saturday, November 12, 2011

သိန်းနီမြို့အေးရှားဝေါလ်ကုမဏီ (တိုးဂိတ်)

သိန်းနီမြို့ အထက်တန်းကျောင်းခွဲ(ရှမ်းပြည်မြောက်ပိုင်း)




သိန်းနီမြို့ အထက်တန်းကျောင်းခွဲ




သိန်းနီမြို့အထက်တန်းကျောင်းခွဲသည် ခေတ်အဆက်ဆက် က ကျောင်းအုပ်များစွာအုပ်ချူပ်ခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး သိန်းနီမြို့၊ကောင်းလောက်စောက်ကျေးရွာ ပတ်ဝန်းကျင်မှ ဒေသခံလူငယ်များစွာကို ပညာတတ်များဖြစ်အောင် စွမ်းဆောင်ပေးနေသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ယနေ့ အချိန်တွင် အထကခွဲ သိန်းနီ ၏ တိုးတက်မှုမှာ ယနေ့ ခေတ်ကျောင်းသူကျောင်းသားများ သိသင့်သောအိုင်တီနည်းပညာ အခြားသော အတတ်ပညာ ဗဟုသုတများစွာ လိုအပ်သည်ဟုမြင်မိပါသည်။ သို့ဖြစ်ပါသောကြောင့် ကျနော့် အနေဖြင့်ကျောင်းစေယျာဝစ္စများကို တတ်နိုင်သမျှလှူဒါန်းကူညီမည်ဟုဆုံးဖြတ်ထားသောကြောင့် အွန်လိုင်းမိတ်ဆွေနှင့် သူငယ်ချင်းများအားလုံးကို တတ်အားသမျှကူညီလှူဒါန်းရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ လှူဒါန်းလိုပါလျှင်ဆက်သွယ်ရန်ဖုန်း-082-63142 နှင့် 09-73166553 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သိန်းနီမြို့ သတင်းဘလော့




Related Posts Plugin for WordPress, Blogger...