 |
| ဦးဌေးလွင်သေဆုံးသောနေရာတံတားဖြူအနီး |
 |
| နမ့်ပန်ချောင်း |
လွန်ခဲ့သော ၃ ရက်ခန့်က ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့တွင် နမ့်ပန်ချောင်း ရေတက်လာပြီး သိန်းနီမြို့ ဟိုတာရွာ နှင့် ကြာကန် ဆီဆိုင်ကြားတွင် ချောင်းရေ ၂ ပေခန့်တက်ခဲ့ပြီး ပန်စုံရွာ မှ ဦးဌေးလွင် သေဆုံးကာ ဆိုင်ကယ်အရောင်းအ၀ယ်လုပ်ကိုင်သော ကယ်ရီသမားများ ဆိုင်ကယ် အသစ် ၅ စီး ရေထဲမျောသွားခဲ့ပါသည်။ယခုနမ့်ပန်ချောင်းရေတက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီးယခင် ၂၀၀၄ ၂၀၀၅ တွင်လဲ ယခုကဲ့သို့ချောင်းရေတက်ကာ လယ်ကွက်များရေလွှမ်းမိုးခံရပြီး တံတားဖြူအောက်တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါသည်။
သတင်း-သိန်းနီသား