ရန်ကုန်မြို့လှည်းတန်းလမ်းဆုံအနီးများပြည်သူသုံးToilet တွင် ဗုံးပေါက်ကွဲခြင်းသတင်း
by The Voice Weekly
လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်
တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံန
က် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန်
ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ
The Voice Weekly သတင်းထောက်က သတင်းပေးပို့
သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ အပြင်းအ
ထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။
The Voice Weekly
လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော သန့်စင်
ခန်းနှင့် အနီးတစ်ဝိုက်တွင် မိုင်းရှာခွေးများဖြင့် ဗုံးရှာဖွေလျ
က် ရှိကြောင်း၊ အခင်းဖြစ်ပွားရာ သန့်စင်ခန်းအတွင်း နော
က်ထပ် ဗုံးတစ်လုံး ကျန်ရှိသေးသည်ဟု သတင်းများ ထွက်
ပေါ်နေကြောင်း၊ အဆိုပါနေရာသို့ စစ်ကား နှစ်စီး၊ ရဲကား
နှစ်စီး၊ သူနာပြုယာဉ် နှစ်စီး ရောက်ရှိနေကြောင်း၊ အဆိုပါ
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တက္ကသိုလ်ရိပ်သာလမ်းအား
ယာဉ်ကြောတစ်ခြမ်း ခေတ္တခဏ ပိတ်ထားကြောင်း၊ ယင်း
နေရာသို့ လုံခြုံရေး အင်အား အယောက် ၅၀ ထက်မနည်း
ရောက်ရှိနေပြီး လာရောက်ကြည့်ရှုသူ ၃၀၀ ဦးခန့် ရှိကြေ
ာင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် The Voice
Weekly သတင်းထောက်က သတင်းပေးပို့သည်။
အခင်းဖြစ်ပွားရာသို့ နေ့လည် ၁၂ နာရီတိတိတွင် ရန်ကုန်
တိုင်း လုံခြုံရေးဝန်ကြီး ရောက်ရှိလာပြီး မီးသတ်ယာဉ် နှစ်
စီးလည်း ထပ်မံရောက်ရှိ လာသောကြောင့် သန့်စင်ခန်းအ
တွင်း ဗုံးထပ်မံ တွေ့ရှိသည့် အခြေအနေဟု ယူဆရကြော
င်း The Voice Weekly သတင်းထောက်က သတင်းပေး
ပို့သည်။
No comments:
Post a Comment