လွန်ခဲ့သော ရက်ပိုင်းအတွင်း က ကျနော် ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့ကို အလည်ပြန်သွားတော့ ကျနော်တို့ ကျောင်းခမ်းဘုန်းကြီးကျောင်းကို ၀င်သွားပြီးဆရာတော်ကို လှူဖွယ်ဝတ္ထုလေး သွားလှူဖြစ်ခဲ့ပါတယ်။ကျနော် ဘုန်းကြီးကျောင်းပေါ်ရောက်တော် အနီးနားပတ်ဝန်ကျင်က ရွာသူရွာသားတော်တော်များများ စုဝေးနေတာကို တွေ့မိတော့ ထုံးစံအတိုင်း စကားဆော့မေးကြည့်တော့.....ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြို့းရေးပါတီက သူတို့ကို ဆန္ဒမဲပေးတယ်ဆို ရင် တစ်ယောက်ကို ၁၅၀၀ ကျပ်ပေးမယ်ဆိုတဲ့ သတင်းအစအနလေးကြားခဲ့တယ်ဗျ ။ ဘာပဲပြောပြောပေါ့ ကျနော် ကတော့ အမေစု ကို အားပေးတဲ့သူဆိုတော့ ခွပ်ဒေါင်းတွေ အတွက် အသံပေးလိုက်မယ်ဗျာ သိန်းနီမြို့ မှာ NLD ကနေ၀င်ရောက်ယှဉ်ပြိုင်မယ့်သူ မတွေ့သေးဘူးဗျ ။ဒါကြောင့် ခွပ်ဒေါင်းတွေအတွက် နေရာ ရနိုင်ပါတယ်။
No comments:
Post a Comment