ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဟူသောဆောင်ပုဒ်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများပညာရေးမြင့်မားစေရန်ဆောင်ရွက်နေချိန်တွင် ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ နယ် ခ.လ.ရ(၆၉)တပ်ကျောင်း မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ (ကြည်း-******) ဗိုလ်ကြီး ဥက္ကာဝင်း သည် ကျောင်းသားဦးရေထပ်မံတိုးလာခြင်းကို လက်မခံဘဲ ကျောင်းသားများပညာသင်ခွင့်ရရှိရေးကို ပိတ်ပင်ထားကျောင်း ဒေသခံများ၏ပြောကြားချက်မှသိရှိရပါသည်။ကျောင်းသား မိဘများသည် မိမိတို့၏ သားသမီးများအားကျောင်းနေပညာသင်ခွင့်ရရှိစေရန်အတွက်တောင်းပန်ပြီး အပ်နှံသော်လဲ လက်မခံခဲ့ပါဟု သိရပါသည်။ထို့သို့ တိုင်းပြည်နှင့်လူမျိုးတိုးတက်စေရန်ပညာလိုလားသော နိုင်ငံ၏မျိုးဆက်သစ်များအား ယခုကဲ့သို့ပိတ်ပင်တားဆီးခြင်းသည် နိုင်ငံနှင့်တိုင်းရင်းသားလူမျိုးများအား စော်ကားသကဲ့သို့ဖြစ်နေပါမည်။
သိန်းနီမြို့သူမြို့သားများအားလုံးကိုယ်စား အများသိရှိစေရန်ရည်ရွယ်ပြီးတင်ခြင်းဖြစ်ပါသည်။

No comments:
Post a Comment