ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်လျက်ရှိသော သိန်းနီမြို့
*************************************
ရှမ်းပြည်မြောက်ပိုင်းသိန်းနီမြို့ သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေတွင်တည်ရှိပြီး ရှမ်းလူမျိုးများအဓိကနေထိုင်လျက်ရှိပြီး၊ ဗမာ၊ကချင်၊ပလောင်၊၀၊လားဟူနှင့် အခြားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သောမြို့တစ်မြို့ဖြစ်ပါသည်။ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာနှင့် အခြားသော ဘာသာဝင်များအနည်းငယ်နေထိုင်လျက်ရှိသည်။ သိန်းနီမြို့၏သိသာထင်ရှားသော အချက်များမှာ မြို့အ၀င်တွင် ကြာကန်၊ သိန်းနီမြို့နှင့် ဟိုတာရွာ စပ်လျက်ရှိသော နေရာမှ လှပသော လွိုင်ဆမ်ဆစ်ခေါ်(တောင်သုံးဆယ်) ကို လှပစွာ`ရှုမျှော်ခံစားနိုင်ပါသည်။ ၄င်းအပြင် မိုင်းဖုန်းဆရာတော်တည်ထားကိုးကွယ်ခဲ့သော ကောင်းမူထပ် စေတီသည် မြို့အ၀င်မှ လှမ်း၍မြင်နိုင်ပါသည်။ ဒေသခံများ၏ အလုပ်အကိုင်သည် ကုန်သွယ်၊စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးရေးတွင်- စပါး၊ပြောင်းနှင့် အခြားသော နှစ်ရှည်ပင်၊ရာသီပေါ်သီးနှံများကို စိုက်ပျိုးကြပါသည်။ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသော်လည်း စီးပွားဖြစ်လုပ်ကိုင်သော လုပ်ငန်းဟူ၍ သိသာထင်ရှားစွာမမြင်ရပေ။ လမ်းပန်းဆက်သွယ်ရေးအတွက် အာဆီယံဟိုင်းဝေးလမ်း AH 14ပေါ်တွင် တည်ရှိသော်လဲ တိုးတက်မှုမှာထင်သလောက်မရှိပါ။၂၀၀၈ခုနှစ်နောက်ပိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လူအဖွဲ့အစည်းအတွက် ဥပဒေသစ်များ၊မူဝါဒအသစ်များထွက်ပေါ်ထွက်လာခဲ့သော်လည်း သိန်းနီမြို့မှာ သိသာထင်ရှားသောပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း၊ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း သိန်းနီမြို့သို့လာရောက်ကြည့်ရှုစဉ်ကဆောင်ရွက်ပေးခဲ့သော
မိုင်းပါးရွာနှင့် ကောင်းဟော်ရွာအားဆက်သွယ်ပေးသောလမ်းပိုင်းအချိုမှလွဲ၍ သိန်းနီမြို့သည် သိသာထင်ရှားသောပြောင်းလဲမှုများမရှိပါ။ နိုင်ငံ၏ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သက်ဆိုင်ရာပါတီ၏ ကိုယ်စားလှယ်အမတ်များရှိသော်လဲ သက်ဆိုင်ရာပါတီနှင့် မိမိတို့၏ မဲဆန္ဒရှင်များလိုအပ်ချက်ကိုသာ
ဦးစားပေးဆောင်ရွက်ထားကြောင်းတွေ့မြင်ရသည်။ထို့အပြင် ဒေသခံများ၏ ပညာရေး၊လူမှုရေး၊စီးပွားရေးနှင့် အခြားသော ၀န်ဆောင်မှုအရပ်ရပ်သည် မြန်မာနိုင်ငံအတွင်းရှိအခြားသော မြို့များနှင့် နှိုင်းယှဉ်လာပါက အနောက်တွင်သာရပ်တန့်ကျန်ရှိနေသေးကြောင်းတွေ့မြင်ရပါသည်။
အချုပ်အားဖြင့်ဆိုသော် သိန်းနီမြို့သည် မြန်မာ့တပ်မတော်၏ အမှတ်(၁၆)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် နှင့် အခြားသော ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်း အသီးသီးရှိသောမြို့လေးတစ်မြို့ဖြစ်သောကြောင့် အဖက်ဖက်မှ နိုင်ငံတော်၏ အထောက်အပံ့နှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှုအသီးသီးကိုရရှိလိုကြောင်း သိန်းနီမြို့ဒေသခံတစ်ဦးအနေဖြင့်ရေးသားအပ်ပါသည်။
အထက်ပါဖော်ပြချက်များသည် တိုင်းရင်းသားလူမျိုးများနှင့်နိုင်ငံ၏အချုပ်အခြာအာဏာအားထိခိုက်စေလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။
လေးစားစွာဖြင့်
သိန်းနီမြို့ဖွံ့ဖြို့းတိုးတက်မှုလိုလားသူ
သိန်းနီမြို့၏ စီးပွားရေး၊ပညာရေး၊လူမှူရေးနှင့် အခြားသော ဒေသန္တရ သတင်းများကိုအချိန်နှင့်တပြေးညီ ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။ -ဆက်သွယ်လိုပါက-theinninews@gmail.com သို့၂၄ နာရီဆက်သွယ်ပေးပို့နိုင်ပြီး မိမိတို့၏ကိုယ်ပိုင်သတင်းများကိုလဲ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးအကြောင်းကြားနိုင်ကြောင်းအသိပေးအပ်ပါသည်။
Saturday, February 28, 2015
ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်လျက်ရှိသော သိန်းနီမြို့
Location:
Hseni, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment